မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၁၆-၆-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(သစ်)(၁၀၀၀၀/-)၊ ကျပ်စျေးတက်ပြီးနှမ်းဖြူ(၄၀၀၀/-)(၃၀၀၀/-) နှမ်းဖြူ(ရေသွင်း)(၁၀၀၀/-)၊ နှမ်းနီ(၃၀၀၀/-)၊ နှမ်းညိုကြား(၂၀၀၀/-)ကျပ်စျေးကျကာ ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၆-၆-၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကကုလားပဲ (929) (၃၀၀/-)၊ ကုလားပဲ (HL) (၈၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၇၀၀/-) ၊ပဲစဉ်းငုံ (ဟောင်း) (၁၀၀၀/-)၊ မတ်ပဲ (၁၃၀၀/)၊ စားတော်ပဲ(၂၅၀၀/-) ကျပ် စျေးတက်ပြီး ပဲထောပတ် (၁၃၀၀/-) စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၆-၆-၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲ လုံးဆံနီ (လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၆.၆.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ(၃၀/-)စျေးတက်ကာ နှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။